


မဟာမိတ်မြန်မာ (Alliance Myanmar) ၏ နှစ်ပတ်လည် မိတ်ဖက်အစည်းအဝေး (၂၀၂၂)
Date : 16-Dec-2022 09:00 am
Location : Yangon, Myanmar
မဟာမိတ် (Alliance Myanmar) နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများအကြား နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် အွန်လိုင်း Zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပထမဦးစွာ မဟာမိတ်မြန်မာ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာစိုးနိုင်မှ တက်ရောက်လာသော အဖွဲ့များအားလုံးကို ကြိုဆိုကြောင်း အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မဟာမိတ်မြန်မာ၏ ရန်ကုန်ရုံးချုပ်၊ နယ်ရုံးများ၊ KPSC စင်တာများ၊ Covid စင်တာများ၊ PHC စင်တာများ နှင့် မိတ်ဖက်အဖွဲ့များမှ သက်ဆိုင်ရာ ဆရာ/ဆရာမများမှ အသီးသီး မိတ်ဆက်ပေးကြရင်း အဖွဲ့အစည်းများအကြားပိုမိုရင်းနှီးမှုရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ မဟာမိတ်မြန်မာ၏ grants များအတွက် နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ နှင့် ၂၀၂၃ ခုနှစ်အတွက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များအကြောင်းကို မဟာမိတ်မြန်မာမှ ဒေါက်တာစိုးနိုင် နှင့် ဒေါက်တာနွယ်နီမြင့်တို့မှ တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် M&E အသင်းမှ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွက် ပရိုဂမ်အားလုံး၏ အဓိကအောင်မြင်မှုညွှန်းကိန်းများကို နှိုင်းယှဥ်တင်ပြပေးခဲ့ပါသည်။
ထို့နောက် မိတ်ဖက်အဖွဲ့အစည်းများ၏ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဥ်ကာ တိုးတက်လာမှုများ၊ ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများ၊ ၎င်းတို့ကိုကျော်လွှားနိုင်အောင် အသုံးပြုခဲ့သောနည်းစနစ်များ အကြောင်းကို သက်ဆိုင်ရာ ပရိုဂမ်အလိုက် အဖွဲ့များကို ကြပန်းရွေးချယ်ကာ တင်ပြဆွေးနွေးစေခဲ့ပါသည်။
နေ့လည်ပိုင်းတွင် မဟာမိတ်မြန်မာမှ ဒေါက်တာနွယ်နီမြင့်မှ စီမံအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှုအပိုင်းများ၏အရေးပါမှုများ၊ လက်ရှိအုပ်ချုပ်မှုဖွဲ့စည်းပုံ နှင့် ပိုပြီးခိုင်မာသောပုံစံဖြစ်အောင်ဆောင်ရွက်မည့်အပိုင်း ကိုပြန်လှန်ဆွေးနွေးပြောကြားပေးခဲ့ပါသည်။ ထို့နောက် Finance team မှ ဆရာသက်ထွန်းပိုင်မှ အဖွဲ့အစည်းအတွင်းငွေကြေးဆိုင်ရာ မူဝါဒများ (Conflict of Interest & Fraud Policy) အကြောင်းကို လည်းကောင်း၊ Access to Health Program မှ ဒေါက်တာ သက်နောင်စိုးမှ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ၊ မဖွယ်မရာပြုမှုများအကြောင်း နှင့် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများအကြောင်းကို အသီးသီးဆွေးနွေးပြောကြားပေးခဲ့ပါသည်။
မိတ်ဖက်အဖွဲ့များအတွက် ဆုပေးပွဲအခမ်းအနားအစီအစဥ်ကို မဟာမိတ်မြန်မာမှ ဒေါက်တာ ဟိန်းထွန်းလတ်မှဦးဆောင်ကာ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆုပေးပွဲတွင် Access to Health Fund အောက်ရှိ “Noble Heart Youth Social Organization” မှ Best Program Performance & Operation Award ဆုကို၎င်း၊ Global Fund အောက်ရှိ “အေးငြိမ်းမေတ္တာ” နှင့် “စံပယ်ဖြူ” အဖွဲ့များမှ Best Program Performance Award ကို၎င်း၊ “ခိုင်နင်းဆီ” အဖွဲ့မှ Best Operation Award ကို၎င်း ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဥ်နောက်ဆုံးအပိုင်းကို အမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးနိုင်မှ အပိတ်မှာကြားစကားပြောကြားကာ မဟာမိတ်မြန်မာ၏ နှစ်ပတ်လည်မိတ်ဖက်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Similar Posts

မဟာမိတ်မြန်မာ (Alliance Myanmar) ၏ နှစ်ပတ်လည် မိတ်ဖက်အစည်းအဝေး (၂၀၂၂)
မဟာမိတ် (Alliance Myanmar) နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများအကြား နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် အွန်လိုင်း Zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Don't leave us behind
PhotoVoice Project 2018
