


မဟာမိတ်မြန်မာ (Alliance Myanmar) ၏ နှစ်ပတ်လည် Review & Re-planing အစည်းအဝေး (2023)
Date : 27-Apr-2023 09:00 am
Location : Ngwe Saung, Rakhine
မဟာမိတ်မြန်မာ (Alliance Myanmar) သည် Review and Re-planning (R & R) meeting ကို နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ၊ အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ
၁) မြန်မာနိုင်ငံ နေရာအနှံအပြားရှိ မဟာမိတ်မြန်မာ၏ ဝန်ထမ်းများ အချင်းချင်း တနေရာတည်းတွင် တွေ့ဆုံနိုင်ပြီး ရှေ့လာမည့်နှစ် အတွက် လုပ်ငန်းလုပ်ဆောင်ချက်များကိုဆွေးနွေးနိုင်စေရန်
၂) Program, Finance, HR & Admin Teams များမှ အဖွဲ့၏ ဦးတည်ချက် လုပ်ငန်းများ အတွက် အရေးကြီးသည်ဟု ခံယူထားသည့် အချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်
၃) ထို့အပြင် စိတ်ဝင်စားဖွယ် ပျော်ရွှင်စရာ ကောင်းသော ကစားနည်း မျိူးစုံ ကို အဖွဲ့လိုက်ကစားခြင်းဖြင့် ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်စေရန် ဖြစ်ပါသည်။
မဟာမိတ်မြန်မာ ၏ ၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို ငွေဆောင်ကမ်းခြေ ရှိ Sunny Paradise Hotel တွင် ဧပြီလ ၂၇ နှင့် ၂၈ ရက်တွင် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မဟာမိတ်မြန်မာ၏ project များရှိသော မြို့နယ်များမှ ဝန်ထမ်းများနှင့် ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ပြီး လိုအပ်သောသင်တန်းများပေးခြင်း၊ သက်ဆိုင်ရာ Program များအလိုက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများ၊ 2022 ခုနှစ်အတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်မှုများ၊ ကြုံတွေ့ခဲ့ရသော အခက်အခဲအတားအဆီးများကို အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဝန်ထမ်းများမှ အပြုသဘောဆောင်သော အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Similar Posts

Universal Health Coverage for HIV Key Populations
PITCH Program supported SWiM to organise the UHC learning workshop. CPI supported the technical support to the PITCH partners and CNC members.

National Recovery Month
September is "National Recovery Month".
