


မဟာမိတ် မြန်မာ (Alliance Myanmar) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နှင့် ပစ်ချ် စီမံကိန်း ပိတ်သိမ်းပွဲ
Date : 22-Dec-2020 10:11 am
Location : Yangon
International HIV/AIDS Alliance ဟု ယခင်က သိရှိခဲ့ကြသော မဟာမိတ် မြန်မာ သည် ၂၀၀၄ ခုနှစ်မှ စတင်ကာ HIV တုန့်ပြန်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၌ တစိုက် မတ်မတ် ဖော်ဆောင်လာခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီ လမှ စ၍ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု အဖြစ်မှ လွတ်လပ်သော ဒေသခံ ပြည်တွင်း အဖွဲ့စည်း တစ်ခုအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ယခု ၂၀၂၀ နှစ်ကုန်တွင် (၃) နှစ် တင်းတင်း ပြည့်မြှောက်ခဲ့ပြီ ဖြစ်သည်။ ဤကာလများအတွင်း မဟာမိတ် မြန်မာ အဖွဲ့ကြီးသည် HIV နှင့် ပတ်သတ်သော ဉပဒေများ ပြုပြင် ပြောင်းလဲရေး ကဏ္ဍတွင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး နိုင်ငံတွင်း ရပ်ရွာအခြေပြု အဖွဲ့များ၊ ကွန်ယက်များ တိုးတက်မှုအတွက် လိုအပ်သော နည်းပညာအကူအညီများ တစိုက်မတ်မတ် ထောက်ပံ့ပေးခဲ့ပါသည်။ လက်တွဲ ဆောင်ရွက်ခဲ့သော မိတ်ဖက်အဖွဲ့အစည်းများ အားလုံး၏ အားသာချက်များ နှင့် အတွေ့ကြုံများကို အားပြု၍ မြန်မာနိုင်ငံ၏ ရေရှည် တည်တံခိုင်မြဲသော ဖွံ့ဖြိုးရေး ပန်းတိုင်များကို အောင်မြင်စေရန် ရည်မျှော်ပါသည်။
၂၀၁၆ ခုနစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော PITCH စီမ့ကိန်းသည် ၂၀၂၀ နှစ်ကုန်တွင် စီမံကိန်းကာလ ပြီးဆုံးမည်ဖြစ်ပြီး မဟာမိတ် မြန်မာနှင့် မိတ်ဖက် အဖွဲ့များ၏ အောင်မြင်မှုများကို ဆင်နွှဲရန်၊ HIV တုန့်ပြန်ရေး လုပ်ငန်းများ၊ ဆောင်ရွက်ခဲ့ပြီးသောလုပ်ငန်းများ ဆက်လက် တည်မြဲစေရန်အတွက် အဓိက ပါဝင်ပတ်သတ်သူများ၏ မှတ်ချက်သဘောထားများ၊ လမ်းညွှန်မှုများကို တောင်းခံရန်နှင့် ပြီးခဲ့မြှောက်ခဲ့သော စီမံချက်များမှ အတွေ့အကြုံများ ဆွေးနွေး ဖလှယ်ရန် ရည်ရွယ်ချက်များဖြင့် ဤအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
မဟာမိတ် မြန်မာ (Alliance Myanmar) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နှင့် ပစ်ချ် စီမံကိန်း ပိတ်သိမ်းပွဲကို zoom videoconferencing မှတဆင့် (၂၁) ရက် ဒီဇင်ဘာ ၂၀၂၀ တွင် ကျင်းပခဲ့ပြီး အဖွဲ့အစည်း (၃၁) ခုမှ တက်ရောက်သူ (၈၃)ဦးတို့က ပါဝင်ဆင်နွဲခဲ့ကြသည်။
အခမ်းအနားအစတွင် မဟာမိတ် မြန်မာ၏ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာာ ဒေါက်တာ ဒေါ်ခင်အေးအေးမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပြီးနောက် မဟာမိတ် မြန်မာ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တ စိုးနိုင်မှ (၃) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အောင်မြင်မှု မှတ်တိုင်များ အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များတွင် "HIV အန္တရာယ် ကျရောက်လွယ် လူအုပ်စုများအတွက် မညီမျှသော ဉပဒေများ ပြင်ဆင် ပြောင်းလဲရေး စကားဝိုင်း ဆွေးနွေးမှု - အောင်မြင်ခဲ့သော ချဉ်းကပ်မှု လမ်းစဉ်များနှင့် မအောင်မြင်ခဲ့သော နည်းလမ်းများ" ခေါင်းစဉ်ဖြင့် ဒေါက်တာ စိုးနိုင် (အမှုဆောင် ဒါရိုက်တာ၊ မဟာမိတ် မြန်မာ)မှ ဦးဆောင်ဆွေးနွေးရာ ဦးနေလင်း (Myanmar MSM & TG Network)၊ ဒေါ်နှင်းနှင်းယု (Sex Worker in Myanmar Network) နှင့် ဦးမင်းစံထွန်း (Myanmar Positive Group) တို့ကပါဝင်ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် "HIV အန္တရာယ် ကျရောက်လွယ် လူအုပ်စုများအတွက် လူ့အခွင့်အရေး ရန္တယား စကားဝိုင်း ဆွေးနွေးမှု" အစီအစဉ်တွင် ဒေါက်တာ ကျော်ဇေယျာမြင့်လွင် (မဟာမိတ်မြန်မာ)မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးအာကာဟိန်းစိုး (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်)၊ မအေးအေးနွယ် (UNAIDS) နှင့် ဦးရာဇာမြင့် (Sex Worker in Myanmar Network)တို့မှ ပါဝင်အားဖြည့် ဆွေးနွေးပေးခဲ့ကြသည်။
နောက်ဆုံးစကားဝိုင်းဆွေးနွေးပွဲကို "ကိုဗစ်-၁၉ ၏ သက်ရောက်မှုများနှင့် ၂၀၂၀ အလွန် မိတ်ဖက် ပေါင်းစည်းရေး ပန်းတိုင်များ" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကိုတဏ္ဏထွန်းနှင့် ကိုရန်ဝင်းစိုး (CFP – PTICH) တို့မှ ဦးဆောင်ဆွေးနွေးသူများ အဖြစ်ပါဝင်ခဲ့ကာ ဒေါက်တာ နန်းပန်းအိခမ်း (Drug Policy Advocacy Group)၊ ကိုဘိုကြည် (Assistance Association for Political Prisoners)၊ ကိုလှနွယ် (Rays of Light)၊ ဒေါ်ခင်မြင့်ဝေ (ရင်ခတ်ပန်း)၊ ဒေါက်တာ နွယ်နီမြင့် (မဟာမိတ် မြန်မာ)တို့မှလည်း ပါဝင်ဆွေးနွေးပေးခဲ့ကြသည်။
အခမ်းအနားအစီအစဉ် အဆုံးတွင် PITCH စီမံကိန်းအား ပါဝင်ကူညီးပေးခဲ့ကြသော မိတ်ဖက်အဖွဲ့များနှင့် ပုဂ္ဂိုလ်များကို ဂုဏ်ပြု မှတ်တမ်းတင် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး မဟာမိတ် မြန်မာကိုယ်စား ကျေးဇူးတင်စကားများကို ဒေါက်တာနွယ်နီမြင့်နှင့် ဒေါက်တာစိုးနိုင်တို့မှ ပြောကြားပေးခဲ့ပြီး အခမ်းအနား အစီစဉ်ကို ပိတ်သိမ်းခဲ့သည်။
စကာားဝိုင်းဆွေးနွေးပွဲအစီအစဉ်များကို အောက်ပါ "Alliance Myanmar" Facebook page link များတွင်လည်း သွားရောက်ကြည့်ရှုနိုင်သည်။
Part 1- https://fb.watch/2QZPpsvMhY/
Part 2- https://fb.watch/2QZRGu85Au/
Part 3- https://fb.watch/2QZTfULyib/

Similar Posts

Universal Health Coverage for HIV Key Populations
PITCH Program supported SWiM to organise the UHC learning workshop. CPI supported the technical support to the PITCH partners and CNC members.

SDP Campaign is waging on Social Media
PITCH Program annually supported to celebrate the Support Don't Punish Campaign. Alliance Myanmar created the videos with the celebrities for 2019.

၁၆ ရက်တာ လှုပ်ရှားမှု
၂၀၂၀ ခုနှစ်အတွက် ၁၆ ရက်တာ လှုပ်ရှားမှုအား ပြည်သူများ ဗဟုသုတ ဖြစ်စေမည့် အကြောင်းများ ပြောပြထားသည့် ဗွီဒီွီယိုများပြုလုပ်ထားသည်။
