


Safe Place for Health of LGBT Change Project ၏ ရလဒ်များအား အသိပေးခြင်း အခမ်းအနား ကျင်းပ
Date : 20-Nov-2020 22:23 pm
Location : Yangon, Myanmar
နိုဝင်ဘာ၊ ၂၀
ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌါန နှင့် မဟာမိတ် မြန်မာတို့ ပူးပေါင်း၍ ကျန်းမာရေး ဝန်ဆောင်မှုပေးသူ ဆရာ၊ဆရာမ များအား LGBT အကြောင်း အသိပေးသင်တန်းပေးခြင်း နှင့် သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
၂၀၂၀ ခုနှစ် တစ်နှစ်စာအတွင်း အဆိုပါ စီမံချက်အား ဒေါက်တာခိုင်ခိုင်သင်း (Assistant Director, (HIV/AIDS, Trachoma, and Blindness), Kayin State Health Department, MOHS) မှ ဦးဆောင်ပြီး အကောင်အထည် ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံချက်တွင် လွှမ်းခြုံသော ကျန်းမာရေး ဝန်ထမ်းများ မှာ အောက်ပါ အတိုင်း ဖြစ်သည်။
- မြောက်ဒဂုံမှ မြို့နယ် ကျန်းမာရေး ဌါန အောက်မှ − ၃၈ ဦး
- တောင်ဒဂုံ မြို့နယ် ကျန်းမာရေး ဌါန အောက် မှ − ၅၈ ဦး
- သာကေတ မြို့နယ် ကျန်းမာရေး ဌါန အောက် မှ − ၂၉ ဦး
မြို့နယ် (၃) မြို့နယ် ရှိ ကျန်းမာရေး ဌါန (၁၄) ခုမှ ကျန်းမာရေး ဝန်ထမ်း (၁၂၅) ဦး အား သင်တန်းပေးပြီး၊ တိုးတက်မှု ရလဒ်အား တိုင်းတာ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားအား ဒေါက်တာ ဦးထွန်းမြင့် (Deputy Director, ရန်ကုန်တိုင်း ကျန်းမာရေးဌာန, MOHS) နှင့် ဒေါက်တာ ဦးစိုးနိုင် (Executive Director, မဟာမိတ်မြန်မာ) တို့မှ အဖွင့်အမှာစကား များ ပြောကြားခြင်း ဖြင့် စတင်ခဲ့သည်။ ယင်းနောက် ဒေါက်တာ ခိုင်ခိုင်သင်းမှ စီမံချက်၏ ရလဒ်အား တက်ရောက်သူများအား ရှင်းပြပေးခြင်း နှင့်အတူ တက်ရောက်သူများ၏ မေးခွန်းမေးမြန်းခြင်း အား ဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။ အခမ်းအနား အသေးစိတ်အား မဟာမိတ်မြန်မာ ၏ Youtube စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။

Similar Posts

ဒုတိယအကြိမ် မြောက် လူ့အခွင့်အရေး ရုပ်ရှင်ဇာတ်လမ်းတို ဆုချီးမြှင့်ပွဲ အခမ်းအနား
မဟာမိတ်မြန်မာ အဖွဲ့ သည် လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်းကာ လူ့အခွင့်အရေး ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲအား ဒုတိယအကြိမ် ကျင်းပ ပြီးစီးခဲ့ပြီး ဖြစ်သည်။

Myanmar Film Contest Empower Marginalised People to Speak out
The Mahamate Human Rights Film Contest encouraged filmmakers and activists to work together to share stories of hope, friendship, love and the battle to survive.

Don't leave us behind
PhotoVoice Project 2018
