


လူငယ့်ရေးရာ မူဝါဒ အကောင်အထည်ဖော်မှု အခြေအနေ ဆိုင်ရာ အစီအရင်ခံစာအား မိတ်ဆက်ခြင်း
Date : 25-Nov-2020 22:08 pm
Location : Yangon, Myanmar
နိုဝင်ဘာ၊ ၂၅
မဟာမိတ် မြန်မာ အနေဖြင့် လူငယ်ကြယ်ပွင့်များကွန်ယက် (Myanmar Youth Star) အဖွဲ့နှင့် ပူးပေါင်းကာ ရေးသားထားသည့် လူငယ့်ရေးရာ မူဝါဒ အကောင်အထည်ဖော်မှု အခြေအနေ ဆိုင်ရာ အစီအရင်ခံစာ အား အများသိရှိအောင် Virtual မှ တဆင့် မိတ်ဆက်ခဲ့သည်။
အခမ်းအနား သို့ အစိုးရ ဌါနဆိုင်ရာများ၊ လူ့ငယ်ရေးရာ ကော်မတီမှ အဖွဲ့ဝင်များ နှင့် အရပ်ဖက် အဖွဲ့အစည်းမှ လူငယ်အရေးအရာများအား စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။
လူငယ့်ရေးရာ မူဝါဒသည် ၂၀၁၈ ခုနှစ်တွင် မိတ်ဆက်ပွဲ အခမ်းအနားဖြင့် ပြည်သူများ သိရှိအောင် ထုတ်ပြန်ခဲ့ပြီး၊ သြဂုတ်လ−၂၀၂၀ ရောက်မှသာ မဟာဗျူဟာ စီမံကိန်းအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် တိုင်းနှင့် ပြည်နယ်များရှိ လူငယ့်ရေးရာကော်မတီဝင်များသည် ဒေသအလိုက် ဦးစားပေးများ သတ်မှတ်ကာ နှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိနေကြသည်။
အစီအရင်ခံစာမှ အကြံပြုချက်များ ထဲတွင် အထူးအလေးပေးရသည့် လူငယ်များ ၏ ပါဝင်မှု သေချာစေရန် အတွက် သီခြား ရာထူးသတ်မှတ်ချက်များ ပြုလုပ်ခြင်း နှင့် ယင်း လူငယ်များအတွက် သီးသန့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း လုပ်ဆောင်ရန် အကြံပြုထားသည်။

Similar Posts

ဒုတိယအကြိမ် မြောက် လူ့အခွင့်အရေး ရုပ်ရှင်ဇာတ်လမ်းတို ဆုချီးမြှင့်ပွဲ အခမ်းအနား
မဟာမိတ်မြန်မာ အဖွဲ့ သည် လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်းကာ လူ့အခွင့်အရေး ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲအား ဒုတိယအကြိမ် ကျင်းပ ပြီးစီးခဲ့ပြီး ဖြစ်သည်။

Don't leave us behind
PhotoVoice Project 2018

Training on Basic Supply Chain Management for UNFPA's Implementing Partners
UNFPA မှဦးဆောင်၍ ကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံဖြန့်ဖြူးရေး သင်တန်းကို ZENITH နှင့် Alliance Myanmar (Mahamate) တို့နှင့် လက်တွဲကာ ၎င်း၏ တွဲဖက်ပါတနာများအတွက် ပို့ချဆောင်ရွက်ခဲ့သည်။
